အကောင်အထည်ပေါ်လာကြပြီဖြစ်တဲ့ “No Plastic” Campaign လှုပ်ရှားမှုများ

နာမည်ကြီးတဲ့ “No Plastic” Campaign လှုပ်ရှားမှုများ
အခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ပလတ်စတစ်အမှိုက်တွေက တဖြည်းဖြည်းများလာပြီး နေရာတိုင်းမှာစုပုံလာပါတယ်။ ဒီလို စွန့်ပစ်ပလတ်စတစ်တွေ များလာတာကြောင့် နောက်ပိုင်းမှာဆိုရင် ကမ္ဘာကြီးဟာ အမှိုက်ပုံကြီးသဖွယ်ဖြစ်လာနိုင်တယ်လို့တောင် ဆိုကြပါတယ်။ အဲ့တာကြောင့် ဒီလို ပလတ်စတစ်တွေများလာတာကို လျှော့ချနိုင်ဖို့ တစ်ဖက်ကလည်း အခုဆိုရင် “No Plastic” Campaign တွေကို အင်တိုက်အားတိုက် လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။

“No Plastic Campaign-South Okkalapa” နဲ့ “ဒို့အိမ်” တို့ကတော့ ရန်ကုန်မှာ ပလတ်စတစ်လျော့ချရေးအတွက် အဓိကလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။
အခုဆိုရင် “No Plastic Campaign-South Okkalapa” ကတော့ (၅၉) ကြိမ်မြောက် အမှိုက်ကောက် Campaign ကို အောင်မြင်စွာပြုလုပ်ပြီးဖြစ်ပါတယ်။

“ဒို့အိမ်” ကလည်း မကြာသေးခင်ကမှ “နောက်ဖေးလမ်းကြားဂျီးချွတ်” Campaign ကိုပြုလုပ်ပြီးပြီဖြစ်ပါတယ်။ ဒီလိုညစ်ပတ်နေတဲ့နောက်ဖေးလမ်းကြားတွေကို လှပသန့်ရှင်းတဲ့နေရာတစ်ခုအနေနဲ့ ပြောင်းလဲလိုက်ခြင်းက အရင်အသုံးမဝင်တဲ့နေရာတစ်ခုက အသွင်ကနေ ကလေးတွေအတွက် ပျော်ရွှင်မြူးတူးကစားရာနေရာလေး ဖြစ်လာပါပြီ။

ဒီလို “No Plastic Campaign” တွေကို UK မှာတော့အရင်ကတည်းက ပြုလုပ်နေပြီးဖြစ်ပါတယ်။ UK က Zero-Waste စတိုးတွေမှာဆိုရင် ၁၀၀% သဘာဝအရင်းအမြစ်နဲ့ပြုလုပ်တဲ့ပစ္စည်းတွေကိုပဲရောင်းချနေပြီးဖြစ်ပါတယ်။ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေမှာဆိုရင်လည်း ပလတ်စတစ်ခွက်အသုံးပြုမှူကိုတားမြစ်ထားပြီး အအေးပိုက်တွေ ကိုလည်းလျှော့သုံးဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

“No Plastic Campaign”တွေကို အခုလိုနေရာအနှံအပြားမှာလုပ်ဆောင်လာခြင်းအားဖြင့် ပတ်ဝန်းကျင်ကိုအများကြီးထိန်းသိမ်းရာရောက်တဲ့အတွက် အားလုံးအားတက်သရော ပါဝင်လုပ်ဆောင်လိုက်ကြရအောင်နော်။

Photos Credit

TNA

www.akhayarmedia.com

Share