Hideo Kojima ရဲ့ လက်ရာအမြောက်ဆုံး ဂိမ်းဖြစ်လာဦးမယ့် Death Stranding

အရင်နှစ် E3 မှာတုန်းက လုံးဝအလန်းစား Cinematic Trailer တွေနဲ့ လုပ်စားသွားတဲ့ Hideo Kojima တယောက်၊ မေလ ၃၀ ရက်နေ့တုန်းက Twitch Channel မှာ ၈ မိနစ်စာရှိတဲ့ Release Trailer ကို ထုတ်ပြလိုက်ပြီး ကျွန်တော်တို့တတွေကို မေးခွန်းပေါင်းများစွာနဲ့ ချန်ထားရစ်ခဲ့ပြန်ပါပြီ။

ပြောရမယ်ဆိုရင်တော့ Death Stranding ကို ဂိမ်မာတိုင်းစွဲသွားတာ Featuring လုပ်ထားတဲ့ Real-Life သရုပ်ဆောင်တွေကြောင့်ဖြစ်ပြီး အနာဂတ် စစ်ပွဲလိုလို Gameplay ကြောင့် နှစ်သက်နေကြတာ မမှားပါဘူး။

Death Stranding Ghost Soldiers

I Am Haunted

ထုံးစံအတိုင်း မူယာ၊ မာယာများလွန်းတဲ့ Kojima က ဘာဂိမ်းဖြစ်လာမလဲ၊ ဘာကိုပြချင်တာလဲ၊ ယုတ်စွအဆုံး ဘာအကြောင်းကိုပြောထားတာလဲ မေးခွန်း ၃ ခုကို Latest Trailer မှာ Reveal လုပ်ထားပေမယ့် ဉာဏ်နှံတဲ့ကျွန်တော်တို့တတွေကတော့ Trailer ငမ်းကြည့်ရုံမှ Catch ဖြစ်သွားတာ မရှိခဲ့ပါဘူး။

Death Stranding Scene

Those who lives in the past

ကျွန်တော လက်လှမ်းမီသလောက် ပြောရရင် Release Trailer မှာ Gameplay ပိုင်းကို Focus ပြထားပြီး Vehicles ၊ Weapons နဲ့ Stealth ၊ Melee Combat စတဲ့ Basic Facts တွေ ပါလာပြီမလို့ ဖြစ်နိုင်ချေက နောက်ထပ် Metal Gear ဂိမ်းလို့ ခန့်မှန်းရပါတယ်။

Death Stranding Gameplay

အဲ့ထဲမှာ Home Demons တွေနဲ့ Bridge Babies တို့က Death Stranding အသက်လို့ ပြောနိုင်ပြီး ဘယ်လို ဆက်သွယ်ချက်ရှိမလဲ (ပြောနေကျတာတော့ ကမ္ဘာကြီးပျက်ဆီးသွားလို့ တကွဲတပြားဖြစ်နေတဲ့ Survivor တွေရဲ့ သီးခြားနေရာကို Strand တခုနဲ့ ဆက်သွယ်ထားတယ်ဆိုတာပဲ) ဘာကို အတိအကျ ပြချင်လဲဆိုတာကိုတော့ ဂိမ်းထွက်လာမှ နားလည်မယ်ထင်ပါတယ်။

Death Stranding Scene

Trailer မှာ Norman Reedus ကို Playable Character အနေနဲ့ ဖော်ပြထားပြီး Interactive UI လို့ပြောနိုင်တဲ့ Useful Item တွေကို သင့်တော်တဲ့နေရာတွေမှာ ဘယ်လိုသုံးမလဲ ဥပမာ Cliff တက်ဖို့ လှေကားအရှည်ကြီးထုတ်လိုက်တာ

Death Stranding Gameplay

Climbing Anchor နဲ့ တောင်ပေါ်က တွယ်ဆင်းတာမျိုးပါဝင်တဲ့အတွက် Adventurous Motivation ကိုလည်းရရှိစေမှာပါ။

Death Stranding Gameplay

အဲ့ဒါထက် Metal Gear စတိုင် Stealth and Tracking ပါဝင်ထားသေးပြီး Anti-Ghosting လို့ပြောနိုင်တဲ့ Crates တွေနဲ့ ရန်သူ Vision က ပုန်းနိုင်ဖို့ အသုံးပြုနိုင်တယ်။ ဒါထက် ဘယ်လိုမှကို နားမလည်နိုင်သေးတဲ့ Silent Hill စတိုင် တလောကလုံး မှောင်ကျသွားပြီး သာမန်မျက်လုံးနဲ့ မြင်ဖို့မလွယ်တဲ့ Tethered ရန်သူတွေ

Death Stranding Gameplay

Tethered Enemies

Tether လို့သုံးလိုက်တာက Reedus တယောက် Scanning လုပ်ဖို့ အသုံးပြုနေရတဲ့ Baby လေး၊ Invisible Enemy နဲ့ ဘယ်လိုစပ်ဆက်နေလဲ၊ ဘာကြောင့် အရေးပါနေလဲ မသိရေသးပေမယ့် ဂိမ်းထွက်လာရင်တော့ ကျေနပ်ရလိမ့်မယ်လို့ ထင်ပါတယ်။

နောက်ပဟေဋိတခုက Reedus တယောက် ကျည်ဆန်၊ အမြောက်ဆန်တွေ ပျံဝဲနေတဲ့ ကမ္ဘာစစ်ထဲ (ပထမလား ဒုတိယလား မကွဲပြား) ရောက်သွားတဲ့ Point က Puzzle တစ်ခုရဲ့ အဖြေ ဖြစ်မယ်ထင်ပါတယ်။

Death Stranding Scene

ဖြစ်နိုင်တာတခုက Memory Glitch ထဲ ဝင်သွားတဲ့ပုံစံနဲ့ Trailer ထဲမှာ ၂ မျိုးပြထားပါတယ်၊ Those who Stay Connected to the Past ထဲမှာ Cliff တဖြစ်လည်း Mads Mikkelsen ကို (ရန်သူပုံစံ) Undead Army ဖက်က ပြထားပါတယ်။

Death Stranding Scene

နောက်တမျိုးက Those who Struggle to Fight လို့ ပြောထားပြီး အတိတ်မှတ်ဉာဏ်တွေ ပြန်အသက်ဝင်လာလို့ တင့်ကားနဘေး Cover ယူပြီး ပြေးနေတာ၊ စစ်သားတွေနဲ့ တိုက်ခိုက်နေတာမျိုးကို ဖော်ပြထားပါတယ်။

Death Stranding Scene

Those who stay connected

ဒီလို Physco Break တွေ ပါနေလို့ ဆော့နေရင်းတောင် အတွေးအမျိုးမျိုး ဝင်လာနိုင်ပါတယ်။ ဥပမာ အိမ်မက်မက်နေသလို ကိုယ် Response မလုပ်နိုင်တဲ့ သီးခြားနေရာတခု (The Evil Within နဲ့ Silent Hill အထာမျိုး) က ပါဝင်လိုက်ရသလို ခံစားချက်မျိုးတွေ ပေးစွမ်းဦးမယ် ထင်ပါတယ်။

ဂိမ်းစတိုင်ကိုက Easter တွေရော၊ Puzzle တွေရော အကုန်ရောနေလို့ ကျနော့်အတွက် Death Stranding ကို Title ပေးဖို့တောင် အခက်တွေ့နေပါတယ်။

Death Stranding Scene

ဖြစ်နိုင်ချေအများဆုံးကတော့ Post Apocalypse ပုံစံ Metal Gear အတိုင်း သွားမယ်လို့ ပြောနိုင်ပြီး Show Off လုပ်ထားတဲ့ Gameplay သီအိုရကတော့ Kojima Focus လုပ်ချင်တဲ့ (Cancelled Silent Hill Project) Whatsoever က အရမ်းနားလည်ရခက်ပါတယ်။

မိုးကို ဘာလို့ကြောက်ကျတာလဲ? နောက်ပြီး ဝတ်ရုံအနက်နဲ့ကောင်က ဘာလဲ? Leading Character တွေ အများကြီး သုံးထားတာမလို့ ပြောနိုင်တာကတော့ ဆော့လို့ကောင်းမယ် ထင်ပါတယ်။

Death Stranding Scene

Death Stranding ဟာ နိုဝင်ဘာ ၈ ရက်နေ့ကျ PlayStation အတွက် ထွက်ရှိလာမှာဖြစ်ပြီး အခုချိန် Pre-order မှာရင် Bonus ရမှာပါ။ ဝမ်းသာစရာ သတင်းက PlayStation Exclusive မဟုတ်တဲ့အတွက် PC နဲ့ XBox အတွက်လည်း ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။ ရသမျိုးစုံပေးစွမ်းမယ့် ၈ မိနစ်စာ Release Trailer ကိုလည်း မြည်းကြည့်လိုက်ပါဦး။

2B (GamerMiniac)