Quad Camera နဲ့ 6.5″ Display သုံးထားတဲ့ realme 5 ကို ၂၂၉,၉၀၀ ကျပ်နဲ့ ရောင်းချနေပြီ

realme ကနေ အသစ်မိတ်ဆက်ပေးလိုက်တဲ့ realme 5 နဲ့ realme 5 Pro စမတ်ဖုန်းတွေကို စျေးကွက်အတွင်းမှာ ရောင်းချနေပြီ ဖြစ်ပါတယ်။

ဒီထဲမှာမှ realme Fans တွေနဲ့ စိတ်ဝင်စားသူတွေကို ဖော်ပြလိုတာက စျေးသက်သာတဲ့ realme 5 ပဲဖြစ်ပြီး RAM 3GB + Storage 32GB ပါတဲ့အလုံးကို မြန်မာငွေကျပ် ၂၂၉,၉၀၀ နဲ့ ရောင်းချပေးသွားမယ့် သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီဖုန်းလေးဟာ realme 5 စီးရီးတွေထဲမှာ စျေးအသက်သာဆုံးဖြစ်ပြီး Leap to Camera ဆိုတဲ့အတိုင်း ကင်မရာ ၄ လုံးနဲ့ ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။

ထူးခြားချက်တွေကတော့ 12MP Main Camera ၊ 119° ရိုက်ကူးနိုင်မယ့် 8MP Ultra-wide Lens ၊ Unique Retro Portrait ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် 2MP Depth Sensor နဲ့ 2MP Ultra Macro Lens တွေ ပါဝင်တာပဲ ဖြစ်ပါတယ်။

Selfie အတွက်ကိုလည်း 13MP Camera ထည့်သွင်းပေးထားပြီး realme 5 မှာ 6.5″ မျက်နှာပြင် အကျယ်ရှိတဲ့ IPS Display သုံးပေးထားပါတယ်။
ဒါတွေအပြင် ဖုန်းတစ်လုံးအတွက် လိုအပ်တဲ့ Performance ကိုလည်း Snapdragon 665 Processor နဲ့ အားဖြည့်ထားလို့ ဝယ်ယူနိုင်တဲ့ စျေးနဲ့ ထိုက်တန်တဲ့ ဖုန်းလည်း ဖြစ်နေပါတယ်။
5,000 mAh Battery ကိုလည်း အသုံးပြုထားတဲ့အတွက် ဂိမ်းဝါသနာအိုးတွေ PUBG ကို ၉ နာရီလောက် ပစ်နိုင်မယ်လို့ realme ဆိုထားပါတယ်။

အခုလို တန်ဖိုးသင့် realme 5 ကို ဝယ်ယူရရနိုင်မယ့် အရောင်တွေကတော့ Crystal Blue နဲ့ Crystal Purple တွေပဲ ဖြစ်ပါတယ်။