စမတ်ဖုန်း ထုတ်လုပ်သူ စာရင်းမှာ အဆင့် ၇ ရောက်ရှိသွားတဲ့ realme

Counterpoint ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းဖုန်း တင်ပို့ရောင်းချမှု အပိုင်းမှာ realme က ကမ္ဘာ့အဆင့် ၇ နေရာသို့ တိုးမြင့် ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။

realme အနေနဲ့ ၂၀၁၉ ဒုတိယ ၃ လပတ် (ဧပြီ ၊ မေ၊ ဇွန်) မှာ ထိပ်တန်း စမတ်ဖုန်း ထုတ်လုပ်သူ ၁၀ ဦးစာရင်းအဖြစ် ပါဝင်ခဲ့ပါတယ်။ တတိယ ၃ လပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) ထုတ်ပြန်ချက်မှာတော့ စမတ်ဖုန်း အလုံးရေ ၁၀ သန်းကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီပမာဏဟာ နှစ်အလိုက် စမတ်ဖုန်း တင်ပို့ရောင်းချမှုနှုန်းရဲ့ 808% တိုးတက်လာတာဖြစ်ပြီး စမတ်ဖုန်း တင်ပို့ရောင်းချမှု အသွက်ဆုံး ပထမဆုံး အမှတ်တံဆိပ် အဖြစ်လည်း ဖော်ပြခံရပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စျေးကွက်ထဲမှာ ဆိုရင်လည်း Leap to Quad Camera ဆောင်ပုဒ်နဲ့အတူ ထူးခြားတဲ့ ကင်မရာ ရိုက်ကူးမှု အတွေ့ကြုံသစ်ကို ပေးစွမ်းတဲ့ realme 5 နဲ့ 5 Pro ဖုန်းတွေကို မိတ်ဆက်ထားပြီ ဖြစ်ပါတယ်။

realme အနေနဲ့လည်း မြန်မာပြည် စမတ်ဖုန်းသုံးစွဲသူတွေအတွက် အရည်သွေး ကောင်းမွန်တဲ့ realme 5 (3GB RAM + 32GB Storage) အလုံးကို မြန်မာငွေကျပ် ၂၂၉,၉၀၀ ကျပ်နဲ့ အသက်သာဆုံး ရောင်းချ ပေးနေပါတယ်။

realme 5 မှာဆိုရင် ကြီးမားကျယ်ပြန်တဲ့ 6.5″ အရွယ် HD+ ရုပ်ထွက်ကို တပ်ဆင်ထားပြီး တာရှည်ခံ 5,000 mAh Battery အသုံးပြုထားပါတယ်။ အဲ့ဒါကြောင့် realme ထုတ် စမတ်ဖုန်းတွေထဲမှာ ဘက်ထရီ အခံဆုံး ဖုန်းလို့တောင် ပြောနိုင်ပါတယ်။

2B (Akhayar)
www.akhayarmedia.com