မိုဘိုင်းအတွက် ထွက်ရှိလာဦးမယ့် အလန်းစား ဂိမ်း ၆ မျိုး

Apex Mobile

Genre: Action Shooter ၊ Battle Royale ၊ Massively Multiplayer
Publisher: Electronic Arts
Mobile Developer: Unknown
Release Date: TBA

Ninja နဲ့ Shroud လို Pro Player ကြီးတွေ လက်စွမ်းပြလို့ ဒီရေတက်သလို လူကြိုက်များနေတဲ့ Apex Legends ဆိုတဲ့ Battle Royale ဂိမ်းပါပဲ။ တပတ်အတွင်း Fortnite စံချိန်ကို ရိုက်ချိုးပစ်နိုင်ပြီး COD လို Activision ရဲ့ပြိုင်ဖက် Electronics Art က ဖန်တီးထားတာဆိုတော့လည်း အမာခံပရိသတ် ရှိနှင့်ပြီးသားပါ။

Apex Legends

Apex PC Gameplay

အဲ့ဒီမှာ ကျနော်တို့ဂိမ်မာတွေအတွက် မျော်လင့်ချက်အရောင်သန်းနေတာက Mobile Version ထွက်လာမယ်လို့ Publisher EA ကိုယ်တိုင် အတည်ပြုလိုက်တာပါ။ ကစားရမယ့်ပုံစံက Squad Play အနေနဲ့ ၃ ယောက်သား Jump Suit နဲ့ဆင်းသွားပြီး Hero ၆ ကောင်ထဲက နှစ်သက်ရာ၊ အားသာရာ တကောင်နဲ့ တွေ့သမျရန်သူကို လိုက်သတ်ပြီး You are Champion ဖြစ်အောင် ဆော့ရုံပါပဲ။

Apex Legends

Squad

အခုချိန် PC နဲ့ Console တွေမှာ Free ရ အမုန်းဆွဲနေပြီဆိုမယ့် ကျနော်တို့မိုဘိုင်းသမားတွေလည်း ဘက်မပဲ့နေပါဘူး။ Cross-Platform ထောက်ပံ့မှာဆိုတော့ လက်ထဲမှာ High End ဖုန်းတလုံးရှိနေရင် ထွက်တာနဲ့ အမုန်းဆွဲရုံပါပဲ။

H1Z1 Mobile

Genre: Action RPG ၊ Battle Royale
Publisher: TBA
Mobile Developer: Daybreak Game Company
Release Date: TBA

ဒီဂိမ်းနဲ့လည်း ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ကွန်ပျူတာလောကမှာ PUBG မတိုင်ခင် Battle Royale ဆိုပြီး Player အယောက် ၁၅၀ လောက် လေယာဉ်ပေါ်ကဆင်းသွားပြီး ကျတာနဲ့ လက်နက်ကောက် တယောက်နဲ့တယောက် ရန်ငြိုးတွေနဲ့ မကျေမနပ် သတ်ဖြတ်ကျ၊ တိုက်ခိုက်ကျတဲ့ပုံနဲ့ ဆော့ကစားရမှာပါ။

H1Z1

H1Z1 PC Gameplay

ဖြစ်ချင်တော့ PUBG ဂိမ်းဖန်တီးပေးသူ (ယခု Kick ထုတ်ခံရ) Brendan Greene ကိုယ်တိုင်ပဲ H1Z1 နဲ့ Battle Royale စတင်ခဲ့တာဆိုတော့ ကစားရမယ့်ပုံစံ (Gaemplay) ကလည်း ခပ်ဆင်ဆင်ပါပဲ။ အခုချိန်မှာသူနဲ့အဖွဲ့ဝင်တွေ နယ်သာလန် Amsterdam မှာထိုင်ပြီး PUBG Special Project လုပ်နေကြပြီမို့ အသစ်ထွက်လာမယ့်ဂိမ်းကလည်း စိတ်ဝင်စားစရာပါပဲ။

H1Z1

Released Poster

အခုကျနော်တို့ မိုဘိုင်းပေါ်ရောက်လာတော့မယ့် H1Z1 ဟာလည်း PUBG Mobile လို Circle Zone ထဲဆင်း၊ မြေပုံကျဉ်းလာတာနဲ့အမျ Player နည်းလာမယ်၊ ကားလည်းစီးနိုင်မယ်။ ဆိုတော့ Battle Royale Title မှာ “Fortnite ၊ PUBG Mobile” နဲ့ဆင်တူဖြစ်လာနိုင်ပြီး အခမဲ့ကစားလို့ရမယ်။ မိုဘိုင်းတွက် ထုတ်ပေးသွားမယ် ကြေညာထားပြီဆိုတော့ “Battle Royale” Class ၂ မျိုး မြည်းစမ်းခွင့် ရှိနေပါသေးတယ်။

Project Cars: GO

Genre: Racing
Publisher: BANDAI NAMCO Entertainment
Mobile Developer: Gamevil/ Slightly Mad Studio
Release Date: TBA

Racing Game ထဲမှာ Asphalt တမျိုးထဲကစားနေရလို့ ပျင်းနေပြီလား။ မိုဘိုင်းထဲမှာ အကောင်းဆုံးဆိုမယ့် Console Level အတိုင်းကစားနိုင်မယ့် ဂိမ်းတမျိုးလောက် ထုတ်ပေးဖို့ တွေးမိဖူးလား? အဲ့လိုစိတ်ကူးလေးရှိခဲ့ဖူးရင် ဒီကနှစ် လိုအင်ဆန္ဒပြည့်ဝသွားပြီလို့ မှတ်လိုက်ပါ။

Project Cars

Project Cars: GO Mobile Poster

Developer Gamevil က Slightly Mad Studio နဲ့ပူးပေါင်းပြီး Project Cars စီးရီးမှာ Spin-off အဖြစ်ထွက်ရှိလာမယ့် မိုဘိုင်းဂိမ်းသစ်ကို ကြေညာထားပါပြီ။ ထုံးစံအတိုင်း Racing Spirit က Exotic ကားတွေနဲ့ Customization Feature ဖြစ်ပြီး တမူထားခြားတဲ့ Racing Experience ကိုပေးစွမ်းဦးမှာပါ။

Project Cars

Gameplay Screenshot

Developer ကြီးကတော့ မိုဘိုင်း Class မှာလည်း Console တွေတိုင်း ကစားရမယ်လို့ ကြေညာထားပြီး Racing Fas တွေကို ကားတာရာမီးစွဲတဲ့အထိ ကစားချင်စိတ်တွေပေါက်နေစေရမယ်လို့ Slightly Mad Studio CEO က အခုလိုပြောဆိုထားပါတယ်။

Diablo Immortal

Genre: Role Playing ၊ Online Multiplayer
Publisher/Developer: Blizzard Entertainment
Release Date: TBA

လက်ရှိအချိန် PlayStore Search List မှာ ထိပ်ဆုံးကနေရာယူနေတဲ့ဂိမ်းကတော့ Diablo Immortal ပါပဲ။ The Elder Scrolls နဲ့အပြိုင် နာမည်ကြီးနေတဲ့ဂိမ်းဖြစ်သလို Storyline ကလည်း Diablo 2 နဲ့ 3 ကြား ဇာတ်လမ်းတည်ထားတာဆိုတော့ စိတ်ဝင်စားစရာကောင်းပြီလေး။

Diablo Immortal

Gameplay Trailer Screenshot

Angel of Justice ကြီးသေဆုံးပြီလို့ ယူဆရတဲ့အချိန် အဖျက်စွမ်းအားပေးနိုင်တဲ့ Worldstone ကလည်းပျက်စီးသွားပြီး တစ်စစီဖြစ်နေပြီလေး။ ဒါကြောင့် ရှေးကျလွန်းတဲ့ မကောင်းဆိုးဝါးတွေ Stone Power သုံးပြီး ကမ္ဘာဖျက်ဖို့ အကြောင်းဖန်လာပြီ။ (Plot က ကာကွယ်ရမယ်ပေါ့)

Diablo

Diablo Released Poster

ဒါကို Hero ၆ ကောင်နေရာက ကစားရမှာဖြစ်ပြီး နှစ်သက်ရာ Class အလိုက်ရွေးချယ်၊ တကောင်ချင်းစီမှာ အနည်းဆုံး Ability ၁၂ မျိုးလောက်ရှိမယ်။ Storyline အရဖြစ်လာမယ့် တိုက်ပွဲတွေကို များသောအားဖြင့် အပြင်မှာပဲရင်ဆိုင်ရမှာဖြစ်ပြီး Blizzard အဆိုရ Diablo စီးရီးမှာ မပါဝင်သေးတဲ့ Monster ကြီးတွေလည်း ဝင်နွဲဦးမယ်ဆိုတာပါပဲ။

Payday: Crime War (Android)

Genre: Action ၊ PVP ၊ Online Multiplayer
Publisher: Universal Studios/ Interactive Entertainment LLC

Developer: Overkill Software
Release Date: TBA 2019 (Closed Beta on Oct 14, 2018)

ဒီဂိမ်းလည်း ထွက်လာရင် နှစ်ခြိုက်ကြမယ်ထင်ပါတယ်။ PC နဲ့ Console တွေမှာတော့ အဖွဲ့ ၂ ဖွဲ့ (Terrorist နဲ့ SWAT) ရှိပြီး ကစားသမား ၈ ဦးစီနဲ့ မတူညီတဲ့ Location အလိုက် ပစ်ခိုက်တိုက်ခိုက်ရမယ့် Shooting Game ကောင်းလေးပါ။

Payday

Payday Mobile Released Poster

Counter Striker တို့နဲ့သွားမရောနဲ့ဦးနော်။ ပုံစံက ခပ်ဆင်ဆင်ဆိုမယ့် တဖက်က ဓားမြတိုက်ဖို့ တိုင်ပင်ရမယ်၊ တဖက်ကလည်း ဟိုကောင်တွေ ဘယ်နေရာက ဘယ်လိုဝင်တိုက်မလဲဆိုတဲ့ Strategy Plan က Payday အသက်ဖြစ်ပြီး မိုဘိုင်းတွက်ထွက်ရှိလာမှာကတော့ Crime War ပါ။

Payday

Beta Gameplay

Overkill Software က Payday ဂိမ်းသစ်ကို Website မှာတင်ထားပြီဆိုမယ့် ထွက်ရှိမယ့်ရက် အတိကျကို မကြေညာသေးပါဘူး။ ဒီလို Battle Royale Title ကခွဲထွက်ပြီး PVP ယဉ်ပြိုင်မှု အသားပေးထားတဲ့ ဂိမ်းသစ်က ဂိမ်မာတွေအကြိုက်ဖြစ်ဦးမှာပါ။ အခုချိန် Closed Beta အဆင့်ရောက်နေပြီဆိုတော့ မိုဘိုင်းအတွက် သိပ်မကြာခင် ရောက်လာမယ်လို့ ခန့်မှန်းရပါတယ်။

PVZ 3 (Plants Vs. Zombies)

Genre: Action Arcade ၊ Online ၊ Multiplayer
Publisher: Electronic Arts
Release Date: TBA (Pre-Alpha Stage Released)

လူကြီး၊ ကလေးမရွေး နှစ်သက်ကြတဲ့ PVZ ဂိမ်းလေးကတော့ မိုဘိုင်း Fans တွေအတွက် နောက်တစ်ခရီး ဆက်ပါဦးမယ်။
လက်ရှိ ပေါက်ကြားလာတဲ့ သတင်းအရ PVZ 3 ဟာ Pre-Alpha အဆင့်ရောက်နေပြီဖြစ်ပြီး ခါတိုင်းလိုပဲ iOS နဲ့ Android အတွက် ထွက်ရှိလာမှာပါ။

ခက်တာက ကျနော်တို့ Region ကို Support မပေးတဲ့အတွက် VPN ကျော်ဖို့လိုပါလိမ့်မယ်။ In-game Purchase နဲ့ Level Item တွေကိုတော့ ဘယ်လို ဝယ်နိုင်မလဲ ကျနော် မပြောတတ်ပါဘူး။

Plants Vs. Zombies

Garden Warfare Released Poster

Developer/ Publisher “Electronic Arts” ကြီးကလဲ PVZ3 “Test Version” ကို လူဦးရေ အကန့်သတ်နဲ့ စမ်းသပ်နေတာမလို့ Pre-Alpha Version (Deleted) ဆော့ချင်ရင် စိတ်ရှည်ရှည်နဲ့ စောင့်ရပါလိမ့်မယ်။

စမ်းသပ်ဆဲဆိုတော့ Hardware Requirement တွေကို အတိကျ ထုတ်ပြန်ထားခြင်း မရှိသေးဘဲ Test Version ကို Galaxy S7 နဲ့ အထက် ကစားနိုင်မှာဖြစ်ပါတယ်။

Plants Vs. Zombies

Garden Warfare Gameplay

ဖုန်းနဲ့ တည့်ပြောတော့ ရယ်ရမလိုလိုတောင် ဖြစ်မိပါတယ်။ Final Version ကျရင်တော့ အနည်း၊ အများ အပြောင်းလဲရှိနိုင်ပေမယ့် ခေတ်ပေါ်စမတ်ဖုန်းတွေနဲ့ ကစားနိုင်မယ်လို့ တွေးမိပါတယ်။

အကယ်လို့ Pre-Alpha Version ဆော့ဖူးရင် အတွေ့ကြုံလေးတွေ ဝင် Share သွားနိုင်ပါတယ်။ Full Version လည်း မကြာမီ ထွက်လာတော့မယ်လို့ ပြောကြားရင် PVZ Fans တွေ Arcade Funs အရသာသစ် ခံစားရဦးမယ်လို့ တီးခေါက်လိုက်ရပါတယ်။

Credit: Android Authority ၊ Source: Notebookcheck
2B (Akhayarmedia)