ကျောဘက် ကင်မရာ ၅ လုံးနဲ့ ကြွားလုံးထုတ်လုပ်တဲ့ Xiaomi

Xiaomi ကနေပြီးတော့ နောက် Flagship တစ်ခုအတွက်အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၅ ရက် နေ့မှာ ပွဲထုတ်ကြေညာသွားဖို့ရှိပါတယ်။ ဒီ Flagship ကို Xiaomi က Mi CC9 Pro လို့နာမည်ပေးထားပြီး Glabal Version အနေနဲ့ Xiami Mi Note 10 ဆိုပြီးထွက်လာတော့မှာ ဖြစ်ပါတယ်။

Xiaomi ကနေပြီးတော့ တင်နေတဲ့ Official Teaser တွေအရ Mi Note 10 ဟာ Camera ၅လုံးပါတဲ့ Penta Camera Systemကို အသုံးပြုထားတဲ့ ကမ္ဘာပထမဆုံး Smartphone တစ်လုံးဖြစ်လာမှာပါ။ ဒီ Camera အားလုံးမှာ Primary Shooter ကြီးက 108-megapixel ဖမ်းယူနိုင်မှာဖြစ်ပြီး Samsung ISOCELL Bright HMX Sensor ကိုသုံးထားမှာဖြစ်ပါတယ်။

Ultra-wide-angle Camera ကိုတော့ 20-megapixel သုံးထားပြီး Field of View ဟာ 117-degree အထိထောက်ပံ့နိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ Telephoto Lens၊ Macro Camera နဲ့ 12-megapixel Protrait Shooter ပါမှာဖြစ်ပါတယ်။ Telephoto Lens ကတော့ 10x Hybrid Zoom နဲ့ 50x Digital Zoom အထိသုံးနိုင်မယ်လို့ဆိုထားပါတယ်

ခုလက်ရှိအချိန်မှာတော့ Camera အသစ်ကလွဲရင် ကျန်တာဘာ Detail မှဖော်ပြထားတာမရှိပါဘူး။ ခန့်မှန်းသူတွေကတော့ Mi Note 10/ Mi CC9 Pro ဟာ 6/8/12 GB ဆိုပြီး RAM သုံးမျိုး၊ 64/128/256 GB ဆိုပြီး Memory သုံးမျိုးနဲ့ လာနိုင်ချေရှိတယ်လို့ဆိုပါတယ်။

ပြီးရင် CPU ရဲ့ Clock Speed ကတော့ 2.2 GHz ဖြစ်တဲ့အတွက်ကြောင့် Snapdragon 730G ကိုသုံးထားတာဖြစ်နိုင်ပါတယ်လို့ဆိုထားပါတယ်။ ပြီးရင် သူ့ရဲ့ Battery Capacity ဟာလည်း 5,170mAh လောက်နဲ့လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Source: GSMArenaNDTVXDA Developers
Khant Thura
www.akhayarmedia.com