ပေါ့ပါးကျစ်လျစ်ပြီး စွမ်းဆောင်ရည်မြင့် ဒီဇိုင်းနဲ့ ထွက်ရှိလာတဲ့ Zenbook UX534 နဲ့ UX434

ASUS အနေနဲ့ နာမည် ကျော်ကြားနေတဲ့ Zenbook စီးရီးတွေမှာ နောက်ဆုံးပေါ် Specification တွေနဲ့ ထွက်ရှိလာတဲ့ မော်ဒယ်အသစ်တွေကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

အရင်တုန်းက Zenbook တွေဟာ Fashion နဲ့ ဒီဇိုင်းပိုင်းကိုပဲ Focus ထားပြီး ထုတ်လုပ်ခဲ့တယ်ဆိုပေမယ့် အခု Generation တွေဟာ AAA ဂိမ်းတွေကို ကောင်းကောင်း ကိုင်တွယ်ပေးနိုင်တဲ့အထိ Powerful ဖြစ်လာပါပြီ။

ဒီလို စွမ်းဆောင်ရည် ပိုပိုကောင်းလာတာကိုမှ Laptop ကိုယ်ထည်ကို ပါးပါးကျစ်ကျစ်နဲ့ သယ်ရ၊ ပြုရ အဆင်ပြေအောင်၊ လုပ်ငန်းသုံးနဲ့ ကျောင်းသုံးကအစ Professional ဒီဇိုင်နာ၊ Content Creator တွေ နှစ်သက်စေမယ့် Zenbook အဖြစ် မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် Gaming အတွက် တစ်လုံး၊ အလုပ် လုပ်ဖို့နဲ့ သယ်သွားဖို့ တစ်လုံး ထပ်ဆောင်စရာ မလိုတော့သလို Multi-tasking အပိုင်းမှာလည်း တကူးတက Secondary Display သုံးစရာမလိုတော့အောင်ကို Perfect ဖြစ်တဲ့အထိ ဖန်တီးထားပြီပဲ ဖြစ်ပါတယ်။

အခု Zenbook UX534 နဲ့ UX434 တွေမှာဆိုရင် နောက်ဆုံးပေါ်  နည်းပညာတွေဖြစ်တဲ့ 10th Generation Intel Processor ၊ Wi-Fi 6 နဲ့ GTX 1650 Max-Q Graphics တွေအပြင် 16GB RAM ၊ 1TB PCIex4 SSD တွေ သုံးထားတဲ့အထိ Powerful ဖြစ်လာပါတယ်။

Design & Display

Zenbook တွေဟာ အမြင်အားဖြင့် ဆွဲဆောင်မှုရှိသလို ကြံကြံခိုင်နိုင်မှု (Build Quality) အပိုင်းမှာလည်း သတ္ထုကိုယ်ထည် ကိုင်ထားရသလို Premium Feel ကို ရရှိစေမှာပါ။
Size ပိုကြီးတဲ့ UX534 (၁၅ လက်မ) အလုံးမှာဆိုရင် ကိုယ်ထည်တစ်ခုလုံးရဲ့ အလေးချိန်က 1.65 ကီလိုဂရမ်ပဲ ရှိမှာဖြစ်ပါတယ်။ ပိုသေးတဲ့ UX434 (၁၄ လက်မ) အလုံးက 1.33 ကီလိုပဲ ရှိတဲ့အတွက် ပိုပြီးတော့ Compact ဖြစ်ပါတယ်။

ပိုပြီးတော့လည်း Portable ဖြစ်တဲ့အတွက် UX434 ဟာ ရုံးသုံး၊ ကျောင်းသုံးကအစ Content Writer သမားတွေ သဘောကျမယ့် မော်ဒယ်လို့လည်း ပြောနိုင်ပါတယ်။
အရွယ်စား ပိုကြီးတဲ့ UX534 ကတော့ စွမ်းဆောင်ရည်မြင့် Graphics Card နဲ့ ထွေးပိုက်ထားတဲ့အတွက် ဗီဒီယိုဂိမ်းတွေနဲ့ အသေးစား Editing လုပ်ဖို့ ပိုသင့်တော်တယ်လို့ ပြောနိုင်ပါတယ်။

Photo: UX534

အဲ့ဒါအပြင် ၁၄ လက်မ အရွယ် Zenbook UX434 ဟာ A4 စာရွက်တစ်ရွက်စာပဲ ရှိတဲ့အတွက် အရမ်း Portable ဖြစ်ပါတယ်။ လွယ်အိတ်ထဲ ထည့်သွားဖို့ နေရာအများကြီး မယူတော့သလို Size ကလည်း Compact ဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေနဲ့ Businessman တွေအတွက် ပိုသင့်တော်တယ်လို့ ပြောနိုင်ပါသေးတယ်။

UX534 ကတော့ ၁၅ လက်မခွဲ အရွယ်ရှိနေပေမယ့် ပိုပြီးကျစ်လျစ်တဲ့ ဒီဇိုင်း၊ NanoEdge Display နည်းပညာတွေကြောင့် Competitor တွေထက် Size ပိုသေးပြီး ဂိမ်မာ၊ Editor တွေအတွက် ပိုပြီး Convenience ဖြစ်စေပါတယ်။

Display ပိုင်းလေး ပြောရမယ်ဆိုရင်တော့ မော်ဒယ် ၂ မျိုးလုံးကို NanoEdge Display နည်းပညာ အသုံးပြုထားပါတယ်။ Full HD Resolution ရှိမယ့်အပြင် Screen-to-body Ratio ကို 92% အထိ ချဲ့ပေးထားတဲ့အတွက် ပိုပြီးတော့ Productive ဖြစ်ပါတယ်။

ဘေးဘောင်တွေကလည်း 2.9mm ပဲ ရှိတဲ့အတွက် Viewing Experience ကို ပို Immersive ဖြစ်စေမယ်၊ Colour Accuracy ပိုင်းနဲ့ ပတ်သက်လို့လည်း 100% sRGB အထိ ထောက်ပံ့ထားတဲ့အတွက် Graphic Designer ၊ Video Editor တွေ အတွက် အထောက်ကူ ဖြစ်စေမှာပါ။

Performance

စွမ်းဆောင်ရည်ပိုင်း ပြောရမယ်ဆိုရင်တော့ ရွေးချယ်စရာ ၂ မျိုး ရှိသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အရွယ်စား ပိုကြီးတဲ့ UX534 မှာ GTX 1650 Max-Q သုံးထားတဲ့အတွက် ဂိမ်မာတွေနဲ့ Editor တွေ ရွေးချယ်လို့ရနိုင်တဲ့အတွက် ဖြစ်ပါတယ်။

UX434 မှာတော့ Geforce MX 250 ကို သုံးထားတဲ့အတွက် ပေါ့ပေါ့ပါးပါး ဂိမ်းတွေဆော့ပြီး Content Creation လုပ်ဖို့ လုံးဝကို Perfect ဖြစ်တဲ့ Ultrabook အနေနဲ့ ရွေးချယ်နိုင်ပါတယ်။

UX534

မော်ဒယ် ၂ မျိုးလုံးမှာ Intel ကနေ အသစ်ထွက်ရှိထားတဲ့ 10th Gen Intel Core-i7 10510U Processor အသုံးပြုထားပြီး 16GB RAM ၊ 1TB SSD တို့ ပါဝင်မှာ ဖြစ်ပါတယ်။
ဒါကြောင့်မလို့ Zenbook တွေဟာ ပြည့်ဝတဲ့ စွမ်းဆောင်ရည်နဲ့ နည်းပညာတွေ ထွေးပိုက်ထားတယ်လို့ သုံးသပ်နိုင်ပြီး နောက်ဆုံးပေါ် Wi-Fi 6 ကိုလည်း သုံးထားပါသေးတယ်။

UX434

ScreenPad 2.0

ScreenPad ဆိုတာနဲ့ Zenbook တွေရဲ့ Signature Feature လို့ ချက်ချင်းတွေးမိမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ပိုပြီးတော့ Convenient ဖြစ်စေတဲ့ Multi-tasking Performance ကို 5.5 အရွယ်စား မျက်နှာပြင်ထဲမှာ အကောင်ထည် ဖော်နိုင်မှာ ဖြစ်တဲ့အတွက် Zenbook တွေရဲ့ အားသာချက်လို့လည်း ပြောနိုင်ပါတယ်။

အခု UX534 နဲ့ UX434 တွေမှာ ပါဝင်လာတဲ့ ScreenPad 2.0 မှာ Secondary Screen တစ်ခုအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး Main Screen မှာ အလုပ်လုပ်မယ်၊ အောက်က ScreenPad ထဲမှာ ရုပ်ရှင်၊ သီချင်းနဲ့ ဗီဒီယိုတွေ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒါတွေအပြင် Video Editor သမားဆိုရင် Project Timeline ကို အလွယ်တကူ ကြည့်လို့ရနိုင်မယ် ၊ Office Application တွေကိုလည်း ခပ်သွက်သွက် အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် Screen ၂ ခု အသုံးပြုရတာရဲ့ Experience ကိုပါ ရရှိဦးမှာ ဖြစ်ပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေနဲ့ Content Writer တွေအနေနဲ့ ဆိုရင်လည်း Main Screen မှာ Reference လုပ်နေတဲ့ Website တွေကြည့်ရှုရင်း အတွေးပေါ်လာလို့ အကောင်ထည် ဖော်ချင်တယ်ဆိုရင် ScreenPad ပေါ်က Instant Office App တွေသုံးပြီး ချက်ချင်းသုံးနိုင်ပါတယ်။

Calculator နဲ့ Weather Forecast လို ရာသီဥတု အခြေနေနဲ့ တွက်ချက်ဖို့ အရေးတကြီး အသုံးလိုရင် Secondary Screen ကနေပဲ ကြည့်နိုင်တဲ့အထိ အဆင်ပြေမှာ ဖြစ်ပါတယ်။

ပြောရင်တော့ Dual Monitor တစ်လုံးနဲ့ အလုပ်လုပ်ရသလို စာဖတ်ဖို့၊ ရုပ်ရှင်ကြည့်ဖို့တွေအပြင် Evernote ၊ Spotify လို Dedicated Apps တွေကိုပါ ScreenPad နဲ့သုံးနိုင်မှာ ဖြစ်ပါတယ်။

Keyboard & ErgoLift

Laptop တစ်လုံးအတွက် အရေးပါဆုံး Keyboard ကိုလည်း ပိုပြီးတော့ Convenient ဖြစ်တဲ့ ဒီဇိုင်းနဲ့ လုပ်ပေးထားပါတယ်။
ဘယ်လို လုပ်ထားသလဲဆိုရင် Zenbook ကိုယ်ထည်ကို လေထဲ ၃ ဒီဂရီ လောက် မြင့်တက်သွားစေမယ့် Ergo Lift Hinge ကို သုံးထားလို့ပဲ ဖြစ်ပါတယ်။

Ergo Lift Hinge

အဲ့ဒါကြောင့် Typing Experience က သိသိသာသာ ပိုကောင်းလာမယ့် ကြွတက်လာတဲ့ ကိုယ်ထည် အောက်မှာလည်း လေဝင်၊ လေထွက် ပိုကောင်းသွားတဲ့အတွက် Cooling Effiiciency လည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။

Key Travel ကနေ 1.4 mm ရှိတဲ့အတွက် Clicky ၊ Clicky ဖြစ်တဲ့ Experiecne ကို ရရှိမယ့်အပြင် အဖြူရောင် Illumination အသုံးပြု ထားပါတယ်။

Connectivity & Ports

ပါးလွာပေမယ့် Connectivity Ports တွေ ပြည့်စုံတဲ့ UX534 နဲ့ UX434 တွေဟာ External Adapter သုံးစရာ မလိုအောင် USB 2.0 Port ၊ USB 3.0 Port တွေနဲ့ USB-C 3.1 Port နဲ့ HDMI ၊ microSD Card Reader (UX434) နဲ့ Card Reader (UX534) တို့မှာ ပါဝင်ပါတယ်။

Audio by Harman/ Kardon

အသံပိုင်းမှာဆိုရင် ASUS ရဲ့ နာမည်ကျော် SonicMaster Audio နည်းပညာ အသုံးပြုထားပြီး Harman/ Kardon နဲ့ Fine Tuning လုပ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့်မလို့ Audio ပိုင်းမှာဆိုရင်လည်း Weight မလျှော့ထားတဲ့အပြင် Ultrabook နဲ့ လိုက်ဖက်အောင် တေးသီချင်းနဲ့ ရုပ်ရှင်တွေကို ကြည့်ရှုနားဆင်နိုင်မှာ ဖြစ်ပါတယ်။

Battery & Windows Hello

UX534 မှာ အရွယ်စားပိုကြီးတဲ့ 8 Cell 71 WHr Battery ကို အသုံးပြုထားပြီး UX434 မှာတော့ 3 Cell 50 WHr Battery ထည့်သွင်းထားပါတယ်။
ASUS ကတော့ 14hrs Battery (UX534) ၊ 12hrs (UX434) လို့ ကြော်ငြာထားပြီး Security ပိုင်းအတွက် Windows Hello အသုံးပြုထားလို့ ပိုပြီးတော့ Convenient ဖြစ်တဲ့ Ultrabook တွေလို့ ပြောနိုင်ပါတယ်။

Photo; ASUS

Military Standard Compenets

UX534 နဲ့ UX434 တွေဟာ ပေါ့ပါးကျစ်လျစ်ပြီး အမြင်အားဖြင့် ဆွဲဆောင်မှုရှိသလို အကြမ်းခံနိုင်မှု အပိုင်းမှာလည်း Drop Test ၊ Vibration Test ၊ Altitude Test ၊ High Temperature Test နဲ့ Low Temperature Test စတဲ့ Military Grade Standard 810G စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးသား ဖြစ်ပါတယ်။

Pricing

အခုလို Ultrabook တစ်လုံးအတွက် High-end နည်းပညာနဲ့ စွမ်းဆောင်ရည် ထည့်သွင်းထားတဲ့ Zenbook UX534 နဲ့ UX434 တွေကို ဒေါ်လာ ၁,၅၉၉ နဲ့ ဒေါ်လာ ၁,၃၉၉ အသီးသီးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

2B (Akhayar)
www.akhayarmedia.com